Friday, November 7, 2008

အခွံ



နှင်း ခင်း ထဲက ကြာဖြူအရိပ်ကို
လက်ဖ၀ါးပန်းနုရောင် မညှိုးအောင် ခူးလို့
ရနံ့တွေ ၀တ်မှုံကူး ဒီရင် လောင်းရိပ်အောက်
အခွံနဲ့ အုပ်ထားခဲ့တယ်။

ရေထဲက လမင်းအရိပ်ကို ခြေဖျားလေး ခိုးခိုးနမ်းလို့
လပေါ်က ယုန်ဖြူကို တယုတယဖမ်း
နွေးထွေးတဲ့ အမွှေးနုနုလေးတွေ
အခွံနဲ့ အုပ်ထားခဲ့တယ်။

နဂါးငွေ့တန်းထဲက ကြယ်ဖြူအရိပ်ကို
ညလယ်ပျိုရဲ့ အပြာရောင် ရွှေမှုံတွေ တောက်ပအောင်ဖျားယောင်းလို့
ပ၀ါဖြူနဲ့ ထုတ်ပိုး နက္ခတ်တခွင်လုံးကျဲတဲ့ အလင်းတွေ
အခွံနဲ့ အုပ်ထားခဲ့တယ်။

အဲ့ဒီအခွံထဲမှာ
...............................
ရွှေမှုံတွေ ငွေ့ရည်ဖွဲ့လာတော့
ကြာဖြူဟာ လမင်းရဲ့ လည်တိုင်ကို ရစ်ပတ်ထားတယ်
ယုန်မွှေးနုလေးတွေ နှင်းခင်းထဲထိုးဝင်သွားတော့
ပ၀ါပါးဟာ အဖြူရောင်တွေဖြေလျော့ ဂန္တ၀င် နှင်းဆီတွေရဲ့ ဆူးနက်နက်ကိုပျိုးခဲ့တယ်

ဆောင်တတွင်းလုံးရဲ့ ရနံ့ဖြူဟာ
အေးခဲနေတဲ့ ခြေအိပ်လေးထဲက ချစ်သူဝတ်ဆင်ထားတဲ့ လမ်းမတွေကို
ဖန်လုံး အကြည်ရောင်လေးထဲကနေ ထုတ်ပေးလိုက်ရတယ်။
...............................
အဲ့ဒီအခွံထဲမှာ….

အခွံနဲ့ အုပ်ထားခဲ့တယ်။ ။။ ။။။။။။။။။။။။။။။။။။။။။

2 comments:

rainmaker said...

ကောင်းတယ်လို့ပြောပါများရင် စကားထပ်ကုန်တယ်... ဘယ်လိုပြောရမလဲ

Unknown said...

အခွံလေးရေ ........ ငါ့ကို အပျော့ညံ့ဆုံးအပိုင်းမှာ ...... ချန် ထားးးးးး ...။